♻️𝐖𝐚𝐬𝐭𝐞 𝐅𝐮𝐭𝐮𝐫𝐞ရဲ့တာဝန်ကျေပွန်လှတဲ့ဝန်ထမ်းတွေနဲ့အတူ ကျွန်တော်တို့ရဲ့ရည်မှန်းချက်နှင့် ရည်ရွယ်ချက်များကို ထိရောက်စွာပုံဖော်လျက်ရှိပါသည်။ ♻️ကျွန်တော်တို့ရဲ့𝐖𝐚𝐬𝐭𝐞 𝐅𝐮𝐭𝐮𝐫𝐞ကိုသာ ယုံကြည်လိုက်ပါ...မိတ်ဆွေတို့ကို ကြီးမြတ်လှပတဲ့ဝန်းကျင်ကို လက်ဆောင်ပြန်ပေးပါရစေ...။
ပိုမိုသန့်ရှင်းပြီး စိမ်းလန်းသောအနာဂတ်ကိုဖန်တီးရန်အတွက် ဆန်းသစ်သောနည်းလမ်းများဖြင့် ဦးဆောင်လမ်းပြလှုပ်ရှားခြင်း၊ စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြုနိုင်ရန် တိုက်တွန်းအားပေးနိုင်သည့် ဒေသတွင်းဦးဆောင်နိုင်သောအဖွဲ့အစည်းတစ်ခုအဖြစ်ရပ်တည်ရန်။
▪️စွန့်ပစ်ပစ္စည်းများကို ရည်ရွယ်ချက်အမျိုးမျိုးဖြင့်ထိရောက်စွာပြန်လည်အသုံးပြုနိုင်ရန်။
▪️သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက်အကျိုးပြုဆောင်ရွက်နိုင်ရန်။
▪️စီးပွားရေးလည်ပတ်မှုယန္တရားကို ပိုမိုအသက်ဝင်ကောင်းမွန်လာစေရန်။
▪️အမှိုက်ပုံအမှိုက်များကို တတ်စွမ်းသမျှလျှော့ချပြီး၊ သဘာဝအရင်းအမြစ်များကို အကျိုးရှိရှိ အသုံးချတတ်စေရန်။
▪️ရပ်ရွာလူထုအား စနစ်တကျအမှိုက်စွန့်ပစ်ခြင်းကိုတာဝန်တစ်ရပ်အနေဖြင့်လက်ခံပြီး လိုက်နာကျင့်သုံးတတ်လာကြစေရန်။
ဦးဆောင်မှု ကဏ္ဍ
ကိုဝေဖြိုး
CEO / FOUNDER
ကျွန်တော့်နာမည်က မစ္စတာဝေဖြိုးဖြစ်ပြီး Waste Future ကုမ္ပဏီမှာ CEO/MD ရာထူးကို ထမ်းဆောင်နေပါတယ်။ စက်မှုဓာတုဗေဒ သိပ္ပံဘွဲ့နှင့် Ngee Ann Polytechnic မှ လျှပ်စစ်အင်ဂျင်နီယာ ဒီပလိုမာဘွဲ့ ရရှိခဲ့သည်။ ကုမ္ပဏီအတွက် ကျွန်ုပ်၏တာဝန်မှာ အင်ဂျင်နီယာပရောဂျက်များ အောင်မြင်စေခြင်း၊ အဖွဲ့များကို ဦးဆောင်ရန်နှင့် မြန်မာနိုင်ငံတွင် အမှိုက်စီမံခန့်ခွဲမှု ဖြေရှင်းချက်လုပ်ငန်းကို ကြီးထွားစေရန်ဖြစ်ပါသည်
ကိုအေးထွန်းခိုင်
CEO / FOUNDER
ကျွန်တော့်နာမည်က မစ္စတာအေးထွန်းခိုင်ဖြစ်ပြီး Waste Future ကုမ္ပဏီမှာ CEO ရာထူးကို ထမ်းဆောင်နေပါတယ်။ စက်မှုဓာတုဗေဒ သိပ္ပံဘွဲ့နဲ့ ဘွဲ့ရရှိခဲ့ပါတယ်။ ကုမ္ပဏီအတွက် ကျွန်ုပ်၏တာဝန်များမှာ အမှုဆောင်ခေါင်းဆောင်မှုကြီးကြပ်မှု၊ ကုမ္ပဏီလေ့ကျင့်ရေးနှင့် ပြည်သူ့ဆက်ဆံရေးတို့ ဖြစ်ပါသည်။