ကျွန်တော်တို့ရဲ့ Waste Future Company ကို စင်္ကာပူအခြေစိုက် Wong Fong Industry ၏ အကူအညီဖြင့် ၂၀၁၉ခုနှစ်မှစတင်ဖွဲ့စည်းတင်ထောင်ခဲ့ပါသည်။ ယခုလက်ရှိမှာလည်း Wong Fong အခြေစိုက် မြန်မာလုပ်သားများဖြင့် ဦးစီးဦးဆောင်ပြုဆောင်ရွက်လျှက်ရှိပါသည်။

တည်ထောင်စမှ စတင်၍ ကျွန်တော်တို့ Waste Future ဟာ မဆုတ်မနှစ်သောဇွဲဖြင့် မြန်မာပြည်တစ်ဝှမ်း သန့်ရှင်းရေးကို ကြိုးစားလုပ်ဆောင်လျှက်ရှိပါသည်။ ကျွန်တော်တို့ Waste Future Company သည် ခေတ်မှီစနစ်သစ်ကြီးများကိုအသုံးပြု၍ စနစ်တကျ အမှိုက်အညစ် ကင်းစင်ဖို့လုပ်ဆောင်လျှက်ရှိပါသည်။ ယခုဆို ကျွန်တော်တို့ Waste Future Company ဝန်ထမ်းပေါင်း ၆၀ ကျော်ဖြင့်မြန်မာပြည်တစ်ဝှမ်းသန့်ရှင်းသာယာလှပဖို့ ကြိုးစားအကောင်အထည်ဖော်လျှက်ရှိပါသည်။ ကျွန်တော်တို့ဟာ နောင်လာမည့်အနာဂတ်တွင် စနစ်မကျစွာစွန့်ပစ်သောအမှိုက်များကြောင့် ကျန်းမာရေးဆိုးရွားစွာထိခိုက်နိုင်ပုံကို မြန်မာပြည်သူ ပြည်သားများအား ပညာပေး Programs များ ပေးရန် စီစဥ်ဆောင်ရွက်လျှက်ရှိပါသည်။

ကျွန်တော်တို့ရဲ့ဆောင်ပုဒ်ကတော့"Recycle today for a better tomorrow!"

အမှတ်တံဆိပ်များ

ထုတ်ကုန်များ

ပိုပြရန်

Connect
with Us

သတင်းနှင့်ဖြစ်ရပ်များ

Waste Future မှ နောက်ထပ်အပ်ဒိတ်များကို ရယူပါ။

ရွေ့လျားအိမ်သာများ အကောင်အထည်ဖော်ခြင်း (မော်လမြိုင်မြို့၊ မွန်ပြည်နယ်၊ မြန်မာ)

𝐖𝐚𝐬𝐭𝐞 𝐅𝐮𝐭𝐮𝐫𝐞၏လုပ်ငန်းသည် မိလ္လာစနစ်၏အရေးပါပုံကို သိရှိလာစေရန်နှင့် အိမ်သာအသုံးပြုမှုဆိုင်ရာ အသိပညာပေးမှု၊ ရွေ့လျားအိမ်သာများကို စနစ်တကျအသုံးပြုတတ်စေရန်၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းတို့ကို ဒေသဆိုင်ရာပြည်သူနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

ဆက်ဖတ်ရန်

ကျွန်ုပ်တို့၏ CSR လုပ်ဆောင်ချက်များ

အများပြည်သူတို့ရဲ့ လူမှုရေးလုပ်ငန်းတွေမှာစေတနာရှေ့ထား ကူညီပေးတဲ့ ကျွန်တော်တို့𝐖𝐚𝐬𝐭𝐞 𝐅𝐮𝐭𝐮𝐫𝐞ရဲ့ ဆောင်ရွက်ကြိုးပမ်းမှုတွေကတော့~ တစ်နိုင်ငံလုံးအတိုင်းအတာအရ အမှိုက်ပုံး units 150ကျော် လှူဒါန်းခြင်းဖြစ်ပါတယ်။

ဆက်ဖတ်ရန်

ကျွန်ုပ်တို့၏လုပ်ဆောင်ချက်များ (ရွှေဘိုမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မြန်မာ)

ကျွန်တော်တို့ကုမ္ပဏီရဲ့ အဓိကရည်ရွယ်ချက်တစ်ခုဖြစ်တဲ့ မြန်မာပြည်သူလူထုတို့၏ လူနေမှုအဆင့်အတန်းမြင့်မားစေရန်အလို့ငှာ စစ်ကိုင်းတိုင်းရွှေဘိုမြို့နယ်တစ်ဝှမ်း စွန့်ပစ်ပစ္စည်းနှင့် အမှိုက်များလျော့ချဖို့ ၂၀၂၀ ခုနှစ် အောက်တိုဘာလမှစတင်ပြီး အားသွန်ခွန်စိုက်လုပ်ဆောင်လျှက်ရှိပါတယ်ခင်ဗျာ။

ဆက်ဖတ်ရန်
သတင်းအားလုံးကို ကြည့်ရန်