ကျွန်ုပ်တို့၏လုပ်ဆောင်ချက်များ (ရွှေဘိုမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မြန်မာ)
ဖေဖော်ဝါရီ 11, 2024

ကျွန်တော်တို့ရဲ့ Waste Future Company ဟာ Singapore အခြေစိုက် Wong Fong ကုမ္ပဏီရဲ့ထောက်ပံမှုနှင့်အတူ မြန်မာပြည်တစ်ဝှမ်းစိမ်းလန်းစိုပြေစေရန် အလို့ငှာ ၂၀၁၉ ခုနှစ်မှာစတင်တည်ထောင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်နဲ့ဦးတည်ချက်ကတော့ မြန်မာပြည်တစ်ဝှမ်း ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုဖြစ်စေသော စွန့်ပစ်ပစ္စည်းနှင့်အမှိုက်များ လျော့ချရန်နှင့် မြန်မာပြည်သူပြည်သားများအား 3Rs ဟုခေါ်သော လျော့ချခြင်း၊ ပြန်လည်အသုံးပြုခြင်း၊ ပြန်လည်ပြုပြုပြောင်းလဲသုံးစွဲခြင်း စတဲ့ အချက် ၃ ချက်အားအသိပညာပေးခြင်းတို့ကိုကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားပါတယ်ခင်ဗျာ။ ကျွန်တော်တို့ကမ္ဘာကြီးဟာ တိုးတက်ပြောင်းလဲခြင်းတွေနဲ့အတူ ပတ်ဝန်းကျင်ညစ်ညမ်းစေခြင်းတွေဟာလည်း တစ်ဟုန်ထိုးမြင့်တက်လျှက်ရှိပါတယ်။ ဒီလိုညစ်ညမ်းမှုတွေဟာ ကျွန်တော်တို့ပတ်ဝန်းကျင် ရေမြေသဘာဝကိုဖျက်ဆီးရုံသာမက တိရိစ္ဆာန်များ၏နေထိုင်ကျက်စားရာ နေရာတွေကိုလည်းဆိုးရွားစွာ ပျက်စီးဆုံးရှုံးစေပါတယ်။ အားလုံးသိကြသလိုပဲ ကျွန်တော်တို့ကမ္ဘာကြီးဟာ လူသားတွေအတွက်သာလျှင်ဖွဲ့စည်းတည်ဆောက်ထားရာနေရာတစ်နေရာမဟုတ်ပါဘူးခင်ဗျာ။ သက်ရှိတိရိစ္ဆာန် အပင် လူသားတွေဟာ ဒီကမ္ဘာကြီးပေါ်မှာပဲ အမှီသဟဲပြုနေထိုင်ရပါတယ်။
ယခုဆို ကျွန်တော်တို့ကုမ္ပဏီဟာ မြန်မာပြည်တစ်ဝှမ်း စိမ်းလန်းစိုပြည်ပြီး သန့်ရှင်းသောနိုင်ငံတစ်နိုင်ငံဖြစ်ရန်အလို့ငှာ စည်ပင်ဝန်ကြီးဌာနနှင့်အတူပူပေါင်းလုပ်ဆောင်လျှက်ရှိပါတယ်ခင်ဗျာ။ ကျွန်တော်တို့ကုမ္ပဏီရဲ့ အဓိကရည်ရွယ်ချက်တစ်ခုဖြစ်တဲ့ မြန်မာပြည်သူလူထုတို့၏ လူနေမှုအဆင့်အတန်းမြင့်မားစေရန်အလို့ငှာ စစ်ကိုင်းတိုင်းရွှေဘိုမြို့နယ်တစ်ဝှမ်း စွန့်ပစ်ပစ္စည်းနှင့် အမှိုက်များလျော့ချဖို့ ၂၀၂၀ ခုနှစ် အောက်တိုဘာလမှစတင်ပြီး အားသွန်ခွန်စိုက်လုပ်ဆောင်လျှက်ရှိပါတယ်ခင်ဗျာ။ ကျွန်တော်တို့ ကုမ္ပဏီရဲ့ ယျေဘုရရည်ရွယ်ချက်တစ်ခုအနေနဲ့ ရွှေဘိုမြို့နယ်အတွင်းရှိမိဘပြည်သူများအား စွန့်ပစ်ပစ္စည်းများကိုခေတ်မှီနည်းပညာများသုံး၍လျော့ချလို့ရနိုင်ကြောင်း၊ ဖျက်ဆီးရန်ခက်ခဲသောပစ္စည်းများအား ပြန်လည်အသုံးချလို့ရနိုင်ကြောင်း နှင့် နည်းလမ်းသစ်များအားအသုံးပြု၍ ပြုပြင်ပြန်လည်သုံးစွဲနိုင်ကြောင်းများကို အသိပညာပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ ယခုလက်ရှိမှာတော့ သက်ဆိုင်ရာမြို့နယ်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ခေတ်မှီစက်သစ်ကြီးများဖြင့် အမှိုက်သိမ်းခြင်း၊ အမှိုက်များကို စနစ်တကျစွန့်ပစ်ခြင်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိပါတယ်ခင်ဗျာ။ အနာဂတ်ကာလမှာ စိမ်းလန်းစိုပြည်သော အမိမြန်မာနိုင်ငံတော်ကြီး ဖြစ်စေဖို့ ဟောပြောပွဲများပြုလုပ်ခြင်း၊ အမှိုက်ကောက်ပြိုင်ပွဲများကျင်းပခြင်း၊ ပြန်လည်အသုံးပြုပစ္စည်းအလှပြိုင်ပွဲများကျင်းပခြင်းတို့ကို စနစ်တကျလုပ်ဆောင်အကောင်အထည်ဖော်ဖို့ ကြိုးစားလျှက်ရှိပါတယ်ခင်ဗျာ။