အမှိုက်ကြိတ်စက်

အမှိုက်ကြိတ်စက် (General Waste Compactor)
ကြိတ်နိုင်သောပစ္စည်းများ
- စက္ကူနှင့်ကဒ်ထူပစ္စည်းများ
- ပလပ်စတစ်နှင့်ကဒ်ထူပုံးများ
- ပလပ်စတစ်ဘူးခွံအမျိုးမျိုး
- ပလပ်စတစ်ပစ္စည်းအမျိုးမျိုး
- Sofa, ကုလားထိုင်,တာယာ စသောကြီးမားသောပစ္စည်းများ
- အမှိုက်စို
- အမှိုက်ခြောက်
- မွှေ့ယာ၊ ကုတင်အမျိုးမျိုး
- သစ်သားစွန့်ပစ်ပစ္စည်းအမျိုးမျိုး
COD: CSM
အသွားတစ်ဖက်ပါ အမှိုက်ကြိတ်စက် (Single Blad Compactor) ကို စိုစွတ်သောအမှိုက်များနှင့် sofa ကဲ့သို့ လေးလံကြီးမားသောစွန့်ပစ္စည်းများကိုကြိတ်ရာ၌ အသုံးဝင်ပါသည်။ အောက်ခြေဘက်တွင် အမှိုက်များ အလွယ်တကူ လျှောဆင်းရင် လျှောစောင်းပါဝင်တာမလို့ လွယ့်လင့်တကူအမှိုက်ကြိတ်စက်ထဲသို့ရောက်စေနိုင်ပါသည်။ အောက်ခြေအပြားတွင် Oil-hydraulic unit ကိုထည့်သွင်းထားတာဖြစ်လို့ အရည်များစိမ့်ထွက်ခြင်းမှလည်းကာကွယ်ပေးနိုင်ပါသည်။ Single Blade Compactor တွင် “ Hoesch” guide rails အတွင်းမှ ကြေးပြားများပေါ်တွင် လျှောကျတိမ်းစောင်းနေသော ဓါးများပါဝင်သောကြောင့် အမှိုက်ကြိတ်စက် (waste Compactor) ကို ပိုမိုကောင်းမွန်စွာလုပ်ဆောင်နိုင်ပါသည်။ Compactor အတွင်းရှိ စောင်းလျှောတန်း နှစ်ခုသည် အမှိုက်များကိုစုစည်းရန်များစွာ အထောက်အကူပြုနိုင်သည်။ အမှိုက်ချေဖျက်စနစ်အတွင်းရှိဓါးများသည်လည်း oil-hydraulic cylinder ၏ အထောက်အကူဖြင့် ကောင်းမွန်စွာရွေ့လျားနိုင်သည်။ ယခုပုံပါအမှိုက်ကြိတ်စက်သည် တန် ၅၀အထိကောင်းမွန်စွာ စွမ်းဆောင်နိုင်သည်။
ဘီးလုံးပါ အမှိုက်ကြိတ်စက် (Single Blade Compactor)ကို ပုံစံနှစ်မျိုးဖြင့်လည်းရရှိနိုင်ပါသည်။
Model APBကို Hydraulic စနစ်သယ်ယူပို့ဆောင်ရေးယဥ်များ (သို့မဟုတ်) ထရပ်ကားများဖြင့်လည်း ချိတ်ဆက်အသုံးပြုနိုင်ပါသည်။ Compactor ၏ hatch (အပေါက်အကျယ်)သည် 130° ရှိသောကြောင့် မြေပြင်ပေါ်ရှိအမှိုက်များနှင့်ပွတ်တိုက်ခြင်းကိုကာကွယ်ရုံသာမက အမှိုက်များကိုပြန်လည်ထုတ်ယူရာတွင်လည်း လွယ်ကူလျှင်မြန်စွာဆောင်ရွက်နိုင်သည်။ Compactor နှင့် အပေါက်ကျယ်အကြားတွင် ဂတ်စကတ်တစ်ခုပါဝင်သောကြောင့် compactor ၏အခြေ မှ အရည်များ စိမ့်ထွက်ခြင်းမဖြစ်ရန်လည်းများစွာအထောက်အကူပြုသည်။ Compactor အပေါက်၏အောက်ပိုင်းတွင် Hydraulics စနစ်ဖြင့်လုပ်ဆောင်ထားသော Supplementary Lock တစ်ခုပါဝင်သောကြောင့် စက်ပိုင်းယိုစိမ့်မှု နှင့် ဖိအားကြောင့်ယိုစိမ့်မှုများမဖြစ်ပေါ်စေရန်လည်းကောင်းစွာကာကွယ်ပေးနိုင်ပါသည်။ထိုကဲ့သို့ Supplementary Lock system ကြောင့်
Compactor ၏ hatch (အပေါက်ကျယ်) မှ စိမ့်ထွက်လာသောအရည်များသည် ဂတ်စကတ် (Gasket) ပေါ်သို့တိုက်ရိုက်ယိုဖိတ်မှုမရှိစေဘဲ၊ Gasket ကိုပိုမိုကြာရှည်စွာအသုံးပြုနိုင်ပါသည်။
Model APL
Model APL တွင်တော့ ကိုယ်တိုင်ဖွင့် Single Casement Hatch ဖြင့်ဖွဲ့စည်းထားပါသည်။ ပတ္တာသုံးခုပါရှိပြီး270° အထိဖွင့်နိုင်ပါသည်။ ကိုယ်တိုင်ထိန်းချုပ်လို့ရတဲ့ rachat system ကို လည်းအသုံးပြုထားသောကြောင့်လုံခြုံစိတ်ချစွာအသုံးပြုနိုင်ပါသည်။ Compactor ၏ အောက်ခံတွင် Gasket ကိုလည်းထည့်သွင်းထားသောကြောင့် အရည်များယိုဖိတ်ခြင်းကိုလည်းကာကွယ်ပေးနိင်ပါသည်။





